ဘုတ်ပြင်း မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Idenity Register-CEIR) နှင့် အခွန်ဆိုင်ရာ ကိစ္စရပ်များ အသိပေးရှင်းလင်း ဆွေးနွေးပွဲကို မတ်လ ၁၈ ရက်နေ့က ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ခရိုင်အဆင့်စုပေါင်းရုံး အစည်းအဝေးခန့်မတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက မြန်မာနိုင်ငံရဲ့ ဦးစားပေး ကဏ္ဍအသီးသီးမှာ ဒစ်ဂျစ်တယ်အသွင်သို့ ကူးပြောင်းဆောင်ရွက်ခြင်းအားဖြင့် အားလုံးပါဝင်သည့် ဒီဂျစ်တယ်စီးပွားရေးပီပြင်စွာ ပေါ်ထွန်းလာစေပြီး ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်း၍ မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Economy Roadmap 2023) ကို ရေးဆွဲပြုစုကာ ဒစ်ဂျစ်တယ်စီးပွားရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို တွန်းအားပေးမှုများနှင့်အတူ အများပြည်သူကို ဝန်ဆောင်မှုပေးနိုင်သည့် အစိုးရဌာနအသီးသီးတွင် အွန်လိုင်းမှတဆင့်လျှောက်ထားခြင်း၊ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုများပြုလုပ်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် အီလက်ထရောနစ်စနစ် နည်းလမ်းဖြင့် အခွန်ပေးဆောင်ခြင်းစသည့် အများ ပြည်သူအကျိုးပြု ဝန်ဆောင်မှုများကို စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်နေ့က ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CERI) စတင်အသုံးပြုဆောင်ရွက်မည့် အစီအစဉ်ကို ပြည်သူတစ်ရပ်လုံးသို့ အသိပေးပြန်ကြားပြီး ဖြစ်ပါသည်။
(CERI) စနစ်ကို အသုံးပြုခြင်းအားဖြင့် တင်သွင်းရောင်းချသူများအနေဖြင့် ကျသင့်အခွန်အကောက်များကို အွန်လိုင်းစနစ်ဖြင့် အသုံးပြု၍ အလွယ်တကူ ပေးဆောင်တင်သွင်နိုင်ခြင်း၊ အခွန်တိန်းရှောင်မှုနှင့် တရားမဝင် တင်သွင်ခြင်းမှ တာဆီးကာကွယ်နိုင်ခြင်း၊ အများပြည်သူများမှ မိုဘိုင်းလက်ကိုင်ဖုန်းအတုများ (Fack/Clone Mobile Device) ဝယ်ယူမိခြင်းမှ ကာကွယ်နိုင်ခြင်း၊ နိုင်ငံအတွင်းသို့ ဝင်ပေါက်အသီးသီးမှ တင်သွင်းလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများ၏ interational Mobile Equiment Identity-IMEI နံပါတ်များ ကိုစီစစ်ပြီး မှန်ကန်မှ အသုံးပြုခွင့်ပေးသည့်အတွက် မိုဘိုင်လက်ကိုင်ဖုန်းဈေးကွက်များ၏ စစ်မှန်မှုနှင့်ယုံကြည်စိတ်ချရမှု မြှင့်တင်ပေးနိုင်ခြင်း၊ အရည်အသွေး အာမခံမရှိသော တရားမဝင်မိုဘိုင်း ဟန်းဆက်ဈေးကွက်သို့ ဝင်ရောက်မှုလျှော့ချနိုင်ခြင်း၊ မိုဘိုင်ဟန်းဆက် ခိုယူခံရမှုမှ ကာကွယ်နိုင်ခြင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်အခများ လွတ်ကင်းမှုမရှိ ပြည့်ပြည့်ဝဝ ကောက်ခံရရှိနိုင်မည်ဖြစ် ပါကြောင်း ခရိုင်အတွင်းမှာရှိသော ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိသက်ဆိုင်ရာရုံးများတွင် ဝန်ထမ်းများကို ဆက်လက်ရှင်းလင်းဆွေးနွေး ပေးရန်လိုအပ်ကြောင်း၊ ပြည်သူများက ဖုန်းကိုင်ထားသောကြောင့် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်/ ရပ်ကွက်ရှိ တာဝန်ရှိသူများက စနစ်အကြောင်း သိရှိရန်လိုအပ်ကြောင်း၊ စနစ်များအား ကျယ်ပြန့်စွာ လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် ဌာနများနှင့် ပြည်သူများက ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ စနစ်များအကြောင်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများက တတ်ကျွမ်းနားလည်ရန်လိုအပ်ပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများရှိ ပြည်သူများကိုလည်း ပြန်လည်ရှင်းလင်းရန် လိုအပ်ကြောင်း၊ ဌာနနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းအောင်မြင်မည်ဖြစ်ကြောင်း၊ စနစ်များ အောင်မြင်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးရဲဇော်က ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် CEIR နှင့်ပတ်သက်သည့် အခွန်ကိစ္စရပ်များနှင့် မြန်မာဆက်သွယ်ရေးလုပ်ငန်းမြို့နယ်တာဝန်ခံ ဦးအောင်သိန်းဝင်းက CEIR Public Portal တွင် မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်ပတ်သက်သည့်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက် လာကြသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ မိုဘိုင်းဟန်းဆက် အရောင်းဆိုင်များမှ သိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)