ကော့သောင်း မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ ချမ်းဖန်း-ဟတ်စဒင်း-အော်ကြီးကျေးရွာချင်းဆက်လမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၀၄ ဒသမ ၁၉၆ သန်းဖြင့် လမ်းမိုင်(၀/၅-၁/၁.၆၂) အထိ မူလကျောက်လမ်း(၀/၄.၆၂)မိုင် အား ၂လက်မ-၄လက်မ ခွဲကျောက်ဖြင့် လမ်းမျက်နှာပြင်ညှိ ပြီး ၇လက်မထု ၁၂ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါလမ်းသည် အကျိုးပြုကျေးရွာ (၆) ရွာ၊ အိမ်ခြေ (၅၄၀) အိမ်၊ လူဦးရေ (၂၇၈၄) ယောက် အကျိုးပြုလျက်ရှိပြီး ချမ်းဖန်း-ဟတ်စဒင်း-အော်ကြီး ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး လုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက မတ်လ (၁၈) ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)