ငွေဆောင်မြို့၊ ဆင်မကျေးရွာတွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ငွေဆောင် မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စုအတွင်းသို့ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသူ ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆင်မကျေးရွာ၊ ပုညရာဇာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ထောက်ပံ့ငွေပေးအပ်ရမည့် ယာယီနေရပ် စွန့်ခွာပြည်သူများအား မှတ်ပုံတင်အမှတ်စစ်ဆေးခြင်းနှင့် ဧည့်စာရင်းပါအချက်အလက်များ စစ်ဆေးခြင်းတို့ကို ဦးစွာဆောင်ရွက်ခဲ့သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် ငွေဆောင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးတို့က ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင်တစ်လငွေ ကျပ် (၂၀၀၀၀) နှုန်းဖြင့် ၂၀၂၅ခု နှစ်၊ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) ၃ လစာ ငွေ (၆၀၀၀၀) ကျပ်စီအား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး (ပြန်/ဆက်)