ဇလွန်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဇလွန် မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစား သင်တန်းများ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ယခုလိုနွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့်အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်၍ ကျန်းမာကြံခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသားများအား သင်တန်းဆင်းအင်္ကျီနှင့် သင်တန်းဆင်းလက်မှတ်များ၊ နည်းပြများအား ဝတ်စုံများထောက်ပံ့၍ သင်တန်းဆင်းပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းဆင်းအေရိုးဗစ် သင်တန်းသူများကသရုပ်ပြကပြ၍ သင်တန်းဆင်းပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက် ခဲ့သည်။

ဝေယံ - ဇလွန်