မိုင်းခတ်၌ ပါဆံကျ-အခြေခံပညာ အထက်တန်းကျောင်းသွားလမ်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိ

မိုင်းခတ်    ဇန်နဝါရီ    ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာ လှပရေး၊ မြို့တွင်းကတ္တရာလမ်းများ ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပါဆံကျ-အခြေခံပညာ အထက် တန်းကျောင်းသွားလမ်း ကွန်ကရစ်လမ်းခင်းခြင်းကို ဇန်နဝါရီ ၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းမှာ အလျား ၈၀၀ ပေ၊ ထု ၆ လက်မ၊ အကျယ် ၁၂ ပေရှိပြီး မြို့နယ်စည်ပင်သာယာရေး ခွင့်ပြုငွေ ကျပ်သိန်း (၂၄၉)ဖြင့် ဆောင်ရွက်လျက်ရှိကာ ရပ်ကွက်နေပြည်သူများ ရာသီမရွေး သွားလာနိုင်ပြီး သယ်ယူပို့ဆောင်ရေး  လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ကွန်ကရစ်လမ်း အရည်အသွေးပြည့်မီရေး၊ ကြာရှည်ခိုင်ခံ့မှုနှင့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများ ကြီးကြပ် လျက် ရှိကြောင်း သိရသည်။

အလားတူ အာစီကျောင်းသွား ကွန်ကရစ်လမ်း အလျား ၄၅၀ ပေ၊ ထု ၆ လက်မ၊ အကျယ် ၁၂ ပေရှိ ကွန်ကရစ်လမ်းကို မြို့နယ်စည်ပင်သာယာရေး ခွင့်ပြုငွေကျပ်သိန်း (၁၄၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး တာဝန်ရှိသူထံမှ သိရသည်။

မိုးဒေ (ပြန်/ဆက်)