သရက်ချောင်း မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကလေးသူငယ်များအား နွေရာသီကျောင်းပိတ်ရက်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်ကဏ္ဍများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ယဉ်ကျေးလိမ္မာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက ကလေးသူငယ်များအား “ကြွက်နှင့်လိပ်”အကြောင်း ပုံပြင်ပြောပြရာ အဆိုပါပုံပြင်မှ သိမှတ်ဖွယ်ရာ၊ အတုယူစရာ၊ လေးစားဖွယ်ရာ၊ အချင်းချင်းစည်းလုံးညီညွှတ်မှုရှိပုံစသည်ဖြင့် စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများကို ပုံပြောပြလိုက်ပြီးနောက် ကလေးသူငယ်များနှင့် "ကြွက်နှင့်လိပ်"ပုံပြင်မှ လေးစားဖွယ်ရာ၊ အတုယူဖွယ်ရာ၊ ဉာဏ်ပညာကြီးမားပုံတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)