ငါန်းဇွန် မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့မရဲစခန်း၌ ယနေ့ နံနက် ၉ နာရီက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြခြင်းနှင့် ရဲစခန်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မီးလေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးကျော်ဇင်သန့်က မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပြီး မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြခြင်းကို ဆောင်ရွက်ရာ လာရောက်လေ့လာကြည့်ရှုကြသည့် ရဲတပ်ဖွဲ့ဝင် (၂၀)ဦး၊ အိမ်ထောင်သည် လိုင်းခန်းမှ မိသားစုဝင်(၁၅)ဦးတို့အား မြိုနယ်မီးသတ်ဦးစီးမှူးက မီးငြှိမ်းသတ်ရာ တွင် ရေစိုအဝတ်သုံးစွဲပုံတို့ကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မီးငြှိမ်းသတ်ရာတွင် ရေစိုအဝတ်တို့ အသုံးပြုပြီး မီးငြှိမ်းသတ်ခြင်းကို ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကိုယ်တိုင်လက်တွေ့ သရုပ်ပြစေခဲ့သည်။
ဆက်လက်၍ မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရေးအတွက် မြို့မရဲစခန်းဝင်းအတွင်း ဆောင်ရွက်ထားရှိမှုများကို မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ အကြံပြုခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)