အိမ်မဲမြို့နယ် Community Centre ခန်းမတွင် AI (Gemini/ChatGPT) နည်းပညာသင်တန်းအခမဲ့ ဖွင့်လှစ်ပေး

အိမ်မဲ မတ် ‌၁၉

ဧရာဝတီတိုင်းဒေသကြီး၊​ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Women Club နှင့် Youth Club တို့ပူးပေါင်း၍ AI (Gemini/ChatGPT) နည်းပညာသင်တန်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အခမဲ့ဖွင့်လှစ်သင်ကြားခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မူယာစိုးတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး AI (Gemini/ChatGPT) နည်းပညာသင်တန်းကို ဒုတိယဦးစီးမှူး ဒေါ်စောသန္တာဦးနှင့် ကျွမ်းကျင်(၂)(ဓာတ်ပုံ)(ပြ)ဦးချစ်သက်လယ်တို့က AI Tool များထဲမှ Gemini/ ChatGPT ကိုအသုံးပြု၍ ပုံဖန်တီးခြင်း၊ဗီဒီယိုဖန်တီးခြင်း၊အသံသွင်းခြင်း၊ဓာတ်ပုံပြင်ခြင်းတို့ကို သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းကို (၂)ရက်ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသားအဖြစ် မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းစုစုပေါင်း (၁၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်