မိုင်းခတ် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ (အ.ထ.က) ဘတ်စကက်ဘောကွင်း၊ အားကစားကွင်း စကိုးဘုတ်၊ မုဒခ်ဦးနှင့် သံပန်းတံခါးဆောင်ရွက်ပြီးစီးမှုများအား တာဝန်ရှိသူများက ယမန်နေ့ညနေ (၃)နာရီအချိန် က မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားနှင့်ကယာပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်ဌေးနှင့် ဝန်ထမ်းများက လုပ်ငန်းပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါဘတ်စကက်ဘောကွင်းမှာ အလျား ၁၀၀ပေ၊ အနံ၇၀ပေ၊ ထု၄လက်မရှိပြီး အားကစားကွင်းစကိုးဘုတ်၊ မုဒ်ဦးနှင့်သံပန်းတံခါး တပ်ဆင်ခြင်းလုပ်ငန်းများ စုစုပေါင်းငွေကျပ် (၁.၄၅)သန်းဖြင့် မြစ်သံလွင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူမှ ကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)