သာစည် မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ် ၁၉ ရက်နံနက် ၁၀ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ၊ မိတ္တဗလ တို့ဖြစ်သည့် ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ဗလငါးတန်အကြောင်းကို အကျယ်တဝင့် ရှင်းလင်းအသိပညာပေးပြောကြားသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်လျက်ရှိသော အခြေခံအင်္ဂလိပ်စာနှင့်ပန်းချီသင်တန်းတို့မှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ဖွင့်လှစ်ထားသော နွေရာသီအားကစား သင်တန်းမှ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲပြီးနောက် တက်ရောက်သူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)