မြစ်သားမြို့နယ်၌ ယခုနှစ် မိုးကြိုသီးနှံစိုက်ပျိုး ရာသီတွင် မိုးကြိုချည်မျှင်ရှည်ဝါ ၂၁၂၅ ဧက လျာထားစိုက်ပျိုး

မြစ်သား မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ရေရရှိရေးနည်းလမ်းများအလိုက် နွေသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကူမဲရှေ့တန်းစခန်းနှင့် မိုင်းမောရှေ့တန်းစခန်းတို့တွင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ယခုနှစ် မိုးကြိုသီးနှံချည်မျှင်ရှည်ဝါ ၂၁၂၅ ဧက လျာထားစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးကြိုစိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း တောင်သူများကို အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်စေရေး၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး၊ အရည်အသွေး ကောင်းသီးနှံများ ထွက်ရှိရေးအတွက် စိုက်ခင်းများအတွင်း ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

မိုးကြိုသီးနှံချည်မျှင်ရှည်ဝါ အထွက်နှုန်းများ တိုးတက်စေဖို့နှင့် အရည်အသွေး ကောင်းမွန်စေဖို့အတွက် ဒေသနဲ့ ကိုက်ညီ‌သော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုး နိုင်အောင်နှင့် ချည်မျှင်ရှည်ဝါစိုက်ပျိုးသည့်‌ တောင်သူများအတွက် လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ ထည့်သွင်းခြင်းဖြင့် အထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း မိုးကြိုသီးနှံချည်မျှင်ရှည်ဝါ စိုက်ပျိုးသည့်တောင်သူထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)