အိမ်မဲ မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ မှ စာရေးဆရာဖေမြင့် ၏ “တန်ဖိုးထားအပ်သောအရာများ” စာအုပ် ဖြင့်စာဖတ်ဝိုင်းကို မတ် ၁၈ ရက်နေ့နံနက်(၉)နာရီတွင် ကျင်းပသည်။
စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး Women Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ တန်ဖိုးထားအပ်သောအရာများ၊ ဘာကိုယုံကြည်ကြမည်လဲ၊ လူကြီးနဲ့လူငယ်အဟောင်းနဲ့အသစ်အစရှိသည့် ခေါင်းစဉ်များဖြင့် အချင်းချင်းအပြန်အလှန် မိမိတို့ ထင်မြင်ယူဆချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှု ရရှိစေခြင်း၊ တစ်ဦးက ရရှိသည့်ဗဟုသုတကို အခြားသူတစ်ဦးသို့ ပြန်လည်မျှဝေနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)