ညောင်ဦး မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ရွှေဆိုင်များအား နိုင်ငံတော်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၂၀ ရက် နံနက် ၁၀ နာရီက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည့် ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ရွှေဆိုင်များအား ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားရယူထားရှိ ရှိ/မရှိ၊နိုင်ငံတော်က သတ်မှတ်ထားသော စံချိန်စံညွှန်းကိုက်ညီသည့် ဓာတ်သတ္တု(ရွှေ)ကိုသာ ရောင်းချခြင်း၊ ဝယ်ယူခြင်းရှိ/မရှိ၊ ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းဝယ်ခြင်း၊ ရှိ/မရှိစိစစ်ခြင်း၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စဉ်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်ထမ်းဆောင်သူ ဟုတ်၊ မဟုတ်စိစစ်ခြင်း၊ ရွေရောင်းဝယ်မှု ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ငွေပေးခြေမှု၊ ငွေးကြေးလွှဲပြောင်းဆောင်ရွက်မှုများ၊ ဗဟိုဘဏ်ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်ရယူထား ခြင်းရှိ/မရှိနှင့်အမှတ်(၂) သတ္တုတွင်းလုပ်ငန်းက ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော နေရာတွင်သာ ရွှေရောင်းဝယ်ခြင်းရှိ/မရှိတို့အား ပူးပေါင်းအဖွဲ့ဖြင့် သတ်မှတ်စည်းကမ်းချက်များ အား ညောင်ဦးမြို့နယ်အတွင်းရောင်းချလျက်ရှိသော ရွှေပုထိမ်(၂၁)ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း