ငွေဆောင်မြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ငွေဆောင် မတ်  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်းသို့ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသူ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်( ၁၀း၀၀ )နာရီက ငွေဆောင်မြို့၊ အမှတ်( ၄ ) ရပ်ကွက်၊ သုခိတာရုံဘုန်းတော်ကြီးကျောင်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဦးစွာ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူးမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဂရုတစိုက်သုံးစွဲကြရန် မှာကြားခဲ့သည်။ ထို့နောက် ငွေဆောင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးနှင့် ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူးတို့က ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် တစ်လငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) ၃ လစာငွေ (၆၀၀၀၀) ကျပ်အား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး