ဖျာပုံမူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် ECCD Certificate ပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

ဖျာပုံ မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ဖျာပုံမူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ECCD Certificate ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မူမူထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆုတံဆိပ်နှင့် ECCD Certificate များအား ဖျာပုံခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မူမူထွန်းနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက
ပေးအပ်ချီးမြှင့်‌ပေးခဲ့ကြသည်။ ဖျာပုံမူလတန်းကြိုကျောင်းမှ ကျောင်းသား/ ကျောင်းသူ ကလေးများမှ ပဒေသာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါအခမ်းအနားသို့ ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မူမူထွန်းနှင့်ဝန်ထမ်းများ၊ ဖျာပုံမူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်