မြင်းခြံမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲ ကျင်းပ

မြင်းခြံ မတ် ၂၀

မန္တလေးတိုင်း‌ဒေသကြီး မြင်းခြံမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြင်းခြံမူလတန်းကြိုကျောင်း၏ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

မြင်းခြံမူလတန်းကြိုကျောင်းတွင် တက်ရောက်သင်ကြားခဲ့သော ကျောင်းသား/ ကျောင်းသူများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှ အကပဒေသာများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)