မိုင်းရှူးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း

မိုင်းရှူး  ဇန်နဝါရီ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများနှင့် အနွေးထည်များ ပေးအပ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက မြို့နယ်မီးသတ် ဦးစီး ဌာနနှင့် တောင်ပေါ်ဝမ်ကန် ရတနာမြေဘောလုံးအသင်းတို့ကို ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပိုက်/ခြင်းလုံး၊ ဘော်လီဘောပိုက်/ ဘောလုံးနှင့် စစ်တုရင်ခုံတို့ကို လည်းကောင်း၊ Physical Fitness Dance အကနည်းပြဆရာမ (၅)ဦးအား ထရက်ဆုတစ်စုံစီကို လည်းကောင်း ပေးအပ်ခဲ့သည်။

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနပူးပေါင်း၍ Physical Fitness Dance တွင် ပြည်သူများ ပါဝင် လာစေရေး ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)