လွိုင်ကော်မြို့၊ အထက(ခွဲ) လောဓမ္မကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း

လွိုင်ကော်   မတ် ၂၁

ကယားပြည်နယ် လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်ပြီး အသိပညာ ဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက လွိုင်ကော်မြို့၊ အထက(ခွဲ) လောဓမ္မကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။

ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသည့် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများအတွက် ပညာပေးစာအုပ်စာစောင်များအပြင် သုတရတနာသိုက်စာအုပ်များ၊ တရားတော်လာရုပ်ပြပုံပြင်စာအုပ်များ၊ ရုပ်ပြစာအုပ်များကို ငှားရမ်းပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်စေရန် နံရံကပ် စာစောင်များပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 နုယဉ်မိုး(ပြန်/ဆက်)