အောင်မြေသာစံမြို့နယ်၌ အခြေခံဆိုလာနည်းပညာနှင့် တပ်ဆင်ခြင်းသင်တန်းဆင်းပွဲကျင်းပ

မန္တလေး မတ် ၂၁

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်းနှင့်၇၃လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် အခြေခံဆိုလာနည်းပညာနှင့် တပ်ဆင်ခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကို မတ် ၂၀ရက်နံနက် ၁၀နာရီက ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇာနည်မောင်နှင့်  လုပ်ငန်းကော်မတီဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးဦးဟန်စောလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေကြည်ဦး၊ မန္တလေးလူငယ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ ဒုတိယကျောင်းအုပ် ဦးစီးအရာရှိ ဦးစိုးနောင်နောင်ထွန်းနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဦးတင်မောင်လတ်နှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး ညွှန်ကြားရေးမှူးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသား ၂၀ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

မြင့်မော်ထွန်း(ပြန်/ဆက်)