ထန်တလန် ဇန်နဝါရီ ၁၂
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး (၁/ ၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်အဆင့်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့နာယက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဦးသန်းဝင်းကျော်က ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်ရွယ်ချက်များ လုပ်ငန်းဆောင်ရွက်မှုများ၊ လူထုအခြေပြုခရီးသွားလုပ်ငန်း(Community Based Tourism) ဆိုင်ရာ လုပ်ငန်းဆောင်ရွက် မှုများနှင့် လာရောက်ကြသည့် ခရီးသွားပြည်သူများ စိတ်ကျေနပ်မှု ရှိစေရေးစသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်အဆင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ လိုအပ်သည်များဆွေးနွေး တင်ပြခဲ့ကြသည်။
အဆိုပါ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး(၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမှုထန်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထန်တလန်မြို့နယ်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းပိုင်ရှင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်က လိုအပ်သည်များကို ဆွေးနွေး ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)