လယ်ယာမြေနှင့် မြေလွတ်မြေရိုင်းပေါ်တွင် အခြားနည်းသုံးစွဲခွင့် ရှိ/မရှိစေရေး ကွင်းဆင်းစစ်ဆေး

ငပုတော မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းဦး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမင်းဇင်နိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ငပုတောမြို့နယ် ကွင်းဘက်ကျေးရွာအုပ်စုနှင့် သဲဖြူကျေးရွာအုပ်စုတွင် လယ်ယာမြေနှင့် မြေလွတ် မြေရိုင်းပေါ်တွင် အခြားနည်းသုံးစွဲခွင့် မရှိစေရေး ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းဦးက လယ်ယာမြေများပေါ်တွင် ဆောက်လုပ်ထားရှိသည့် အဆောက်အဦများအား အခြားနည်း အသုံးပြုခွင့်မိန့် ရရှိမှသာ ဆောက်လုပ်စေရေး၊ အလားတူ မြေလွတ်မြေရိုင်းများပေါ်တွင် အခြားနည်းအသုံးပြုခွင့်မိန့်ရရှိမှသာ ဆောက်လုပ်ရေး မှာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်ဦးသန်းဦးနှင့် တာဝန်ရှိသူများသည် မိုးတိမ်ပြင်ကျေးရွာအုပ်စုနှင့် သဲဖြူကျေးရွာသို့ ရောက်ရှိပြီး အုန်းစိုက်ခင်းများနှင့် သီဟိုဠ်စိုက်ခင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ကောင်းမွန်သော အုန်းချိုမွှေးလုပ်ငန်းလုပ်ကိုင်နေမှု အခြေအနေနှင့် သီဟိုဠ်စိုက်ခင်များတွင် နှစ်စဉ်ထွက်ရှိလျက်ရှိသည့် သီဟိုဠ်စေ့များကို အခြားမြို့များသို့ ပို့ဆောင်ပေးနေမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အောင်သူ(ပြန်/ဆက်)