ပန်းတနော်မြို့နယ်၌ လူငယ်များအတွက် နွေရာသီ အခြေခံဘောလုံးသင်တန်း ဖွင့်လှစ်

ပန်းတနော် မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ လူငယ်မောင်မယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘောလုံးအားကစားနည်းကို စနစ်တကျ တတ်မြောက်စေရန် ရည်ရွယ်သည့် နွေရာသီ အခြေခံဘောလုံး အားကစားသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်လှစ်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုးမင်းချစ်က အမှာစကား ပြောကြားခဲ့ကြသည်။ သင်တန်းတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြများက ဘောလုံးအားကစား၏ အခြေခံနည်းစနစ်များ၊ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းကမ်းလိုက်နာမှု တန်ဖိုးများကိုစနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။ ယခုသင်တန်းသို့ ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ် အများအပြား စိတ်ပါဝင်စားစွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ နွေရာသီသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသတွင်းမှ ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရန်နှင့် လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)