ပုဗ္ဗသီရိမြို့နယ်၌ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၂

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဦးစွာပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးကောင်းထက်က သင်ကြားမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြား သည်။

အဆိုပါအခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးအား မတ်လ ၂၂ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ယခုသင်တန်းအပြင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)