တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၆)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တီးတိန်   ဇန်နဝါရီ  ၁၂

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ Case -126018 ၊ Case-126019၊ Case- 126020၊ Case- 126021၊ Case- 126612 နှင့် Case -127284 တို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက် ၁၀ နာရီတွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာတို့သည် တီးတိန်မြို့၊ မြို့မရပ်ကွက်နေ အသက်(၁၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ တီးတိန်မြို့နယ်၊ အန်းလန်းကျေးရွာနေ  အသက်(၁၃)နှစ်အရွယ် အမျိုးသားတစ်ဦး၊ တီးတိန်မြို့နယ်၊ ဆွလိမ်ကျေးရွာနေ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ပလက်ဝမြို့နေ အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦး၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်နေ အသက်(၂၁) နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် တီးတိန်မြို့နယ်၊ ထုတ်လိုင်ကျေးရွာနေ အသက်(၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။

ယခု လတ်တလောအချိန်တွင် တီးတိန်ပြည်သူ့ဆေးရုံ၌ ပိုးတွေ့အတည်ပြုလူနာ အမျိုးသား(၂၂)ဦးနှင့် အမျိုးသမီး(၁၉)ဦးတို့ ဆေးကုသမှုခံယူဆဲ ဖြစ်ကြောင်း တီးတိန်မြို့ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)