ညောင်ဦးခရိုင်၌ ၂၀၂၆ ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို

ညောင်ဦး မတ် ၂၄    

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီက ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ဇမ္ဗူဒီပသာသနဗိမာန်တော်ကြီး၌လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတို့တွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲတွင် ဓမ္မာစရိယစာမေးပွဲကို စတင်ကျင်းပခြင်းဖြစ်ပြီး၊ ညောင်ဦးမြို့နယ်၌ ရဟန်း ၂၀ ပါး၊ သီလရှင် ၇ ပါး၊ စုစုပေါင်း ၂၇ ပါးနှင့်ကျောက်ပန်းတောင်းမြို့နယ်၌ ရဟန်း ၃၀ ပါး၊ သီလရှင် ၂ ပါး စုစုပေါင်း ၃၂ ပါး ဖြေဆိုလျက်ရှိကြောင်းသိရပြီး မတ် ၂၃ ရက်မှဧပြီ ၄ ရက်နေ့အထိဖြေဆိုမည်ဖြစ်ကြောင်း၊ အဆိုပါ စာမေးပွဲကို ရဟန်း၊ သာမဏေနှင့်သီလရှင်များ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ စာမေးပွဲ ကြီးကြပ်ဆရာတော်ကြီးများမှအနီးကပ်ကြီးကြပ်၍ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များက၊ ရဟန်း၊ သာမဏေ၊ သီလရှင်များ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အနီးကပ်ကြီးကြပ်စောင့်ရှောက် လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း