မိုင်းရယ် မတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ သဘာဝရေထွက်တော ရေထိန်းတောထိန်းသိမ်းကာကွယ်ရေး ဆပ်မကော်မတီဝင်များဖြစ်သည့် မြို့နယ် ထွေ/အုပ်၊ သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြေစာရင်းနှင့်ကြေးတိုင်ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပါဝင်သည့် အဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီက နားဖျိုင်းကျေးရွာ၌ သဘာဝရေထွက်တော ရေထိန်းတော ထိန်းသိမ်းကာကွယ်ခြင်းအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ဥပဒေတားမြစ်ချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ပြုလုပ်သည်။
အဆိုပါ ဆပ်ကော်မတီဝင်များသည် နားဖျိုင်းကျေးရွာအတွင်းရှိ ပြည်သူများမြင်သာသည့် နေရာတွင် သဘာဝရေထွက်တော ရေထိန်းတောထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သတိပေးမြစ်ချက်ဆိုင်းဘုတ်နှင့် “သစ်ပင်မခုတ်ရ၊ တောမီးမရှို့ရ” စာတန်းပါ ဆိုင်းဘုတ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး စိုက်ထူခဲ့ကြကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)