မော်လမြိုင်ကျွန်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အောင်ရိပ်သာလမ်းရှိ၊ ရွှေပြည်တန်စာသင်တိုက်၌ ၂၀၂၆ ခုနှစ် စိုးရဓမ္မာစရိယစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တတိဏ္ဏကထံမှ ငါးပါးသီလဆောက်တည်ခံယူကာ ဆရာတော်ကြီးထံမှ အနုမောဒနာတရားတော်များ နာယူခဲ့ကြပြီးနောက် ရေစက်ချအမျှပေးဝေခဲ့ပြီး ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့နောက် ဓမ္မာစရိယစာမေးပွဲ ကျင်းပရာတွင် ပါဠိအဌကထာလိဏီ ကျမ်းရင်း(၁)ဘာသာရပ်တွင် စာရင်းရှိ သံဃာ (၅၉) ပါး၊ ပျက်ကွက် (၁၁) ပါးရှိပြီး (၄၈) ပါး ဝင်ရောက်ဖြေဆိုနေကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယ စာမေးပွဲကို မတ်လ(၂၃)ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ (၁၃) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စာမေးပွဲများကျင်းပရာတွင် သံဃာတော်များ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်ပြည်သူများက ဆွမ်း၊ ကွမ်း၊ ခဲဘွယ်ဘောဇဥ်များနေ့စဉ်ကုသိုလ်ပြု ဆက်ကပ်လှူဒါန်း လျက်ရှိကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)