ညောင်တုန်းမြို့နယ်၌ "လူငယ်အညွန့်အဖူးလေးများအတွက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော "လူငယ်အညွန့်အဖူးလေးများအတွက်" စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးစန်းမြင့်က အဖွင့်အမှာ စကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ (Book Club) အဖွဲ့ဝင် ဦးလှအောင်နှင့် ဦးနိုင်မျိုးဝင်းတို့က ဦးဆောင်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ "လူငယ်အညွန့်အဖူးလေးများအတွက်" စာအုပ်ပါ "အနာမခံပါက၊ စေတနာသည် ပထမ၊ ပညာမြင့်အောင် မြှင့်ကြပါစို့” စသည့်အကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ပြီး သဘာဝ‌‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် သုတရသစာအုပ်ပြပွဲများ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)