ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် (အခမဲ့) အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်

ကျိုင်းတုံ မတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် (အခမဲ့) အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းဆမ်တစ်က အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား၊ ကျောင်းသူလူငယ်များ  နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အင်္ဂလိပ်စာစွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်း ဆရာမဒေါ်နန်းငင်းဟွမ်က သင်ကြားပေးမည့် အခြေခံအင်္ဂလိပ်စာသင်ကြားနည်းစနစ်များအကြောင်း ရှင်းလင်းပြောကြားသည်။ သင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ် ၃၀ ဦး တက်ရောက်ပြီး မတ် ၁၃ ရက်မှ ၃၁ ရက်အထိ အခြေခံအင်္ဂလိပ်ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)