ပလောက်မြို့တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပလောက် မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် မြို့အတွင်းရှိ ဈေးများ၊ လူစည်ကားရာနေရာများ၊ လူနေရပ်ကွက်များ သို့သွားရောက်၍ (၈၁) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့အတွင်း လိုက်လံဖြန့်ဝေခဲ့ကြ သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏ ဂုဏ်၊ ဒြပ်များအား ဖော်ကျူးရေးသားထားသည့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်းများအား ပြည့်စုံစွာထည့်သွင်းအသိပညာပေးထားကြောင်း သိရသည်။

ပလောက် (ပြန်/ဆက်)