မြစ်သားမြို့နယ် ကူမဲမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီခြိုးခြံ ချွေတာသုံးစွဲရေး ကွင်းဆင်းစစ်ဆေး

မြစ်သား မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအောင် ပြည့်ဖြိုးဦးနှင့် အတွင်းရေးမှူး ရဲမှူးဌေးဝင်း   ဦးဆောင်ကြီးကြပ်မှုဖြင့် ကူမဲမြို့ ဌာနဆိုင်ရာများပူးပေါင်း၍ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီက မြစ်သားမြို့နယ် ကူမဲမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအောင်ပြည့်ဖြိုးဦး၊ အတွင်းရေးမှူး ရဲမှူးဌေးဝင်း ဦးဆောင်ကြီးကြပ်မှုဖြင့် ကူမဲမြို့မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ ကူမဲနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မင်းမင်းဆွေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကူမဲမြို့စည်ပင်သာယာရေးတာဝန်ခံ ဒုတိယဦးစီးမှူး ဦးအေးမင်းထိုက်၊ ကူမဲမီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နှင့် တပ်ဖွဲ့ဝင်များ ကူမဲမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ  စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူများသို့အသိ ပေးကြေညာချက်ပါ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)