ကွန်ဟိန်းမြို့၌ (၈၁)နှစ် မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

ကွန်ဟိန်း မတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင်ကျရောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့ပါသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏သမိုင်းကြောင်းတစ်လျှောက်ပြောင်းလဲဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)၊ (BNA)ဗမာ့မျိုးချစ်တပ်မတော်နှင့် မျိုးချစ်ဗမာ့တပ်မတော်(PBF)၊ တပ်မတော်၏ စွမ်းရည်သုံးရပ်ဖြစ်သော စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်များအကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ (၂၇-၃-၂၀၂၅)ရက်နေ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်များ၊ ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဌာန်စိတ်ထားဖြင့် ထာဝစဥ်ရပ်တည်၊ အားသစ်စေကြောင်းပြည့်သားကောင်းကဗျာနှင့် ကာတွန်းစသည့် အကြောင်းအရာများပါရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)