ကန်ကြီးထောင့်မြို့နယ်၌ (၈၁) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌

ကန်ကြီးထောင့် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအားဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက အများပြည်သူစည်ကားရာ နေရာများတွင် ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်၍ဝန်ထမ်းများက အများပြည်သူစည်ကားရာနေရာများဖြစ်သည့် ရုံးပေါင်းစုံရှိ စားသောက်ဆိုင်များ၊ ကန်ကြီး‌ထောင့်-မာလာကုန်းတွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် “ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဋ္ဌာန်စိတ်ထားဖြင့် ထာဝစဉ်ရှင်သန်ရပ်တည်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ စွမ်းရည်သုံးရပ်၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တမ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမ ဖောက်၊မဆုတ်မနှစ်တဲ့ဇွဲလုံးလနဲ့ ကျေပွန်အောင်ထမ်းဆောင်၊ အားသစ်စေကြောင်း ပြည့်သားကောင်း ကဗျာများပါဝင်ကြောင်း သိရသည်။

ကျော်ဇင်စိုး