‎မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲပါရာဇိကပါဠိအဋ္ဌကထာ (ဒုတိယနေ့) ဆက်လက်ဖြေဆို

မဟာအောင်မြေ မတ် ၂၄

၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို  မဟာအောင်မြေမြို့နယ် အ.ထ.က(၁၃) ကျောင်းစာဖြေဌာန၌ ယနေ့မွန်းလွဲပိုင်းက (ဒုတိယနေ့) ဆက်လက် ဖြေဆိုကျင်းပသည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေမှုကို ဩဝါဒါစရိယဆရာတော်များ၊ အထူးကြီးကြပ်ရေးဆရာတော်များ၊ အထူးစစ်ဆေးရေးဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများက ဦးစွာကြည်ညိုပြီး မဟာအောင်မြေမြို့နယ်၊ အ.ထ.က(၁၃) ကျောင်း၌ ပါရာဇိကပါဠိအဋ္ဌကထာ (ဒုတိယနေ့)ကိုဆက်လက် ဖြေဆိုလျက်ရှိသော သံဃာတော် ၆၄၇ပါးရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ စာရင်းရှိ သံဃာတော် ၇၅၆ပါး ဖြေဆိုသံဃာတော် ၆၄၄ ပါး ပျက်ကွက်သံဃာတော် ၁၁၂ပါး၊ စာရင်းရှိသီလရှင် ၃ ပါး ဖြေဆိုသီလရှင် ၃ပါး စုစုပေါင်း ၆၄၇ပါး ဖြေဆိုလျက်ရှိရာ မတ်လ ၂၃ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း