ချမ်းမြသာစည် မတ် ၂၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာသယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က ရဲမွန်တောင်ရပ်ကွက်ရှိ ဋ္ဌေးဋ္ဌေးကြွယ်ဆီဆိုင်၊ Max Energy ဆီဆိုင်၊ BOC ဆီဆိုင် (၂) ဆိုင်၊ နယူးပါဝါဆီဆိုင်၊ SINGAPORE ဆီဆိုင်၊ အောင်ဆီဆိုင်၊ DENKO ဆီဆိုင် (၂) ဆိုင်၊ HSD ဆီဆိုင်၊ 360 ဆီဆိုင် (၂) ဆိုင်နှင့် MEC ဆီဆိုင် စုစုပေါင်း စက်သုံးဆီအရောင်းဆိုင် (၁၃) ဆိုင်တို့အား စက်သုံးဆီများရောင်းချရာတွင် ပြည်သူများဆီ အလုံအလောက်ရရှိစေရေးနှင့် ရက်ကြာကြာအသုံးပြုနိုင်စေရေး၊ စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ရေး၊ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီလာထည့်သည့်မော်တော်ယာဥ်များကို စက်သုံးဆီခြွေတာရေးနှင့် မလိုအပ်ဘဲဆီများ သိုလှောင်းခြင်းမပြုလုပ်ရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချခြင်းမရှိပါက သက်ဆိုင်ရာ ဖုန်းနံပါတ်များတို့ တိုင်းကြားနိုင်ပြီး အဆိုပါဆိုင်များကိုဥပဒေနှင့်အညီ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စက်သုံးဆီအရောင်းများရှိ ဆိုင်မန်နေဂျာနှင့် အရောင်းဝန်ထမ်းများအား စက်သုံးဆီများပှံမှန်ရောင်းချပေးနိုင်ရေး အသေးစိတ်မှားကြားခဲ့ကြောင်း သိရသည်။
အလင်းသစ်