အမရပူရမြို့နယ်၌ နွေရာသီအခြေခံ အင်္ဂလိပ်စာ Grammer သင်တန်း သင်တန်းဆင်းပွဲပြုလုပ်

အမရပူရ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အင်္ဂလိပ်စာအခြေခံ Grammer သင်တန်း သင်တန်း ဆင်းပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ နောက်ဖွင့်မည့် သင်တန်းများလည်း လာရောက်တက်ရောက်ရန်နှင့် သင်တန်းကာလအတွင်း ဉာဏပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများကို ဦးစီးအရာရှိ ဦးမျိုးမင်းနှင့် သင်တန်းဆရာမ ဒေါ်မိုးပပနိုင်တို့က ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံ အင်္ဂလိပ်စာ Grammer သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ (အမရ)