မအူပင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မအူပင် မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအား ယနေ့နံနက် (၉)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးအတွင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မအူပင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးမှ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ရခြင်း၏ သဘောတရားများ၊ မီးသတ်ဆေးဘူးအသုံးပြု နည်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါ အမြန်ဆုံးမီးငြှိမ်းသတ်နည်းများအား ရှင်း‌လင်းပြောကြားပြီး မီးသတ်ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများပူးပေါင်း၍ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများအား သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

၎င်းနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးနှင့်အဖွဲ့မှ မီးဘေးကြိုတင်ပြင်ဆင်ရန်အချက်များ၊ မီးလောင်နေစဉ်တွင်လိုက်ရန် အချက်များ၊ ‌မီးလောင်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့် ပုံစံနှင့် မီးငြှိမ်းသတ်ရန်နည်းလမ်းများ၊ မီးငြှိမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များပါဝင်သည့် မီးဘေးပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)