မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က (၂၂)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

အောင်မြေသာစံ မတ် ၂၆

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)နှစ်မြောက်၊ နှစ်ပတ်လည်အခမ်းအနား ထပ်ဆင့်ရှင်းလင်းပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး (လွှတ်တော်ရုံးဟောင်း) အစည်းအဝေးခန်းမတွင် မတ်လ ၂၄ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မမနှင့် နာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မမက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)နှစ်မြောက်၊ နှစ်ပတ်လည်အခမ်းအနားမှ လုပ်ငန်းလမ်းညွှန်ချက်များ ရှေ့လုပ်ငန်း စဉ်များကို ထပ်ဆင့်ရှင်းလင်းသည်။

ထို့နောက် ထူးချွန်ဆုရရှိကြသော ခရိုင်အမျိုးသမီးရေးရာအဖွဲ့များအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးကြပြီး အမှတ်တရစုပါင်းဓါတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများကလုပ်ငန်းဆာင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ အတွင်းရေးမှူးက ခြုံငုံသုံးသတ်ပြီးဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြာကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)