အောင်မြေသာစံ မတ် ၂၆
မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ရုံးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းနှင့် လမ်းညွှန်မှုခံယူခြင်းအခမ်းအနားကို မတ်လ ၂၄ ရက်နေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်၊ သဘင်ဆောင်တွင် ကျင်းပ ပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ လွှတ်တော်ရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်အောင်ဇော်၊ ညွှန်ကြားရေးမှူး ဦးမြတ်မိုးနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။
အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က အဖွင့်အမှာစကားပြောကြားပြီး ဝန်ထမ်းများအား တစ်ဦးချင်းမိတ်ဆက်ခြင်း၊ ဌာနအလိုက်တာဝန်ရှိသူများက ဌာနစုအလိုက် လုပ်ငန်းတာဝန်များ ရှင်းလင်းတင်ပြခြင်းဆောင်ရွက်ကြရာ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)