ကျွန်းစုမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျွန်းစု မတ် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့်(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက ကျွန်းစုမြို့၊ မြို့ပေါ်ရပ်ကွက် များအတွင်း ဖြတ်သန်းသွားလာနေသော ဒေသခံများအား  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးလက်ကမ်းစာစောင်တွင် (၈၁)နှစ်မြောက်  တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ (၂၇-၃-၂၀၂၅)ရက်နေ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ကဗျာနှင့် ဆောင်းပါးများ ဖော်ပြပါရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)