လားရှိုး မတ် ၂၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်ရုံးမှ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ အများပြည်သူဖတ်ရှုလေ့လာနိုင်ရေး အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လားရှိုးမြို့ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(လားရှိုး)နှင့် လားရှိုးခရိုင်ရုံးမှဝန်ထမ်းများက (၈၁) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ကျေပွန်အောင်ထမ်းဆောင်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏စွမ်းရည်သုံးရပ်၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်၊ ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဌာန်စိတ်ထားဖြင့် ထာဝစဉ်ရှင်သန်ရပ်တည်၊ အားသစ်စေကြောင်း ပြည့်သားကောင်းစသည့်အကြောင်းအရာများပါဝင်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များအား ပြည်သူများဖတ်ရှုလေ့လာနိုင်ရေး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)