ချမ်းအေးသာစံ မတ် ၂၆
ချမ်းအေးသာစံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့်အခွင့်အရေးဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကို ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီ ရပ်ကွက်ရှိ ဆုတောင်းရမြတ်စွာဘုရား၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်စုထွန်းက အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ်ဥပဒေရုံး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်မာထွေးက “တရားမျှတမှုနှင့် အခွင့်အရေးများရရှိရေး အမျိုးသမီးများ အားလုံးအတွက် ဆောင်ရွက်ပေး” ခေါင်းစဥ်ဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံ အကြောင်းအရာများ၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ခြင်း၊ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့အတွက် လမ်းညွှန်ချက်များချမှတ်ထားခြင်း စသည့်သိကောင်းစရာ အကြောင်းအရာများ အား ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်စုထွန်းနှင့်အဖွဲ့ဝင်များ၊ ချမ်းအေးသာစံမြို့နယ်ဥပဒေရုံး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်မာထွေး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းရှိ အမျိုးသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)