ကျုံပျော်မြို့၌ (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျုံပျော် မတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် လူစည်ကားရာနေရာများတွင် (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏ နှစ်(၈၀)ပြည့်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၈၁)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်မှ ဆောင်ရွက်ခဲ့သည့် သမိုင်းအစဉ်အလာကောင်းများ ဆောင်းပါး၊ တပ်မတော်၏ စွမ်းရည်သုံးရပ်၊ အားသစ်စေကြောင်းပြည့်သားကောင်း ကဗျာနှင့် ကာတွန်းများ ပြည့်စုံစွာထည့်သွင်းအသိပညာပေးထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)