သံတောင်ကြီး မတ်၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိပြီး ယခုနွေရာသီအချိန်တွင်သံတောင်ကြီးဒေသထွက်တော်ပေါ် ကွမ်းရွက်ကမ်းများဈေးကောင်းရရှိကြောင်း သိရသည်။
သံတောင်ကြီးဒေသတွင် အဓိကအသက်မွေးဝမ်းကြောင်းတစ်ခုအနေဖြင့် တော်ပေါ်ကွမ်းရွက်ကြမ်းများကို စိုက်ပျိုးလုပ်ကိုင်ကြပြီး မိုးတွင်းနှင့် ဆောင်းတွင်းအချိန်များတွင် နှစ်တိုင်းဈေးကောင်း မရရှိသော်လည်း နွေရာသီကွမ်းရွက်များကြွေကျချိန်နှင့် အထွက်နှုန်းလျော့နည်းချိန်များတွင် တော်ပေါ်ကွမ်းရွက်များ ဈေးကောင်းရရှိကြသည်။ မိုးတွင်းနှင့် ဆောင်းတွင်းအချိန်တွင် အများဆုံး တော်ပေါ်ကွမ်းရွက်ကြမ်း ၄ စီး (တစ်ပိဿာ)လျှင် ကျပ်(၂၀၀၀၀)အထိသာရရှိသော်လည်း နွေရာသီအချိန်တွင် တော်ပေါ်ကွမ်းရွက်ကြမ်း ၄စီး(တစ်ပိဿာ)လျှင် ကျပ် (၃၅၀၀၀)ထိရရှိကြောင်း တောင်သူဦးလောလထံက သိရသည်။
နော်နော်မူ