ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှတောင်သူများ တနှစ်လျှင်ပြောင်းဖူးလေးကြိမ်ထိ စိုက်ပျိုးရောင်းချလျက်ရှိပြီး ဈေးကောင်းရရှိ

ညောင်ဦး မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုမှ ကျေးရွာများ တနှစ် ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် ဈေးနှုန်းကောင်းရရှိနေကြကာ သင်္ကြန်နားနီးလေ ဈေးနှုန်းကောင်းလေဖြစ်နေကြောင်း ပြောင်းဖူးစိုက်ပျိုးတောင်သူများထံကသိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ကျေးရွာများသည်  တနှစ်ပတ်လုံး‌ မြေအောက်ရေ အသုံးပြုကာ ပြောင်းဖူးပြီး ပြောင်းဖူးစိုက်ပျိုးကြကာ တစ်နှစ်လေးကြိမ်ထိ စိုက်ပျိုးရောင်းချနေသည့် ကျေးရွာများဖြစ်ကြောင်းသိရသည်။ ကျွန်တော်တို့တွေပြောင်း ဖူးစိုက်ပျိုးရတာ ဈေးကွက်အခြေအနေထက် ပြောင်းဖူးတစ်သီးစိုက်ပျိုးလျှင် အချိန်နှစ် လခန့်ဖြင့်ပေါ်သောကြောင့် ရောင်းချချိန်မြန်ပြီး ငွေလည်းအမြန်ပေါ်ကြောင်း၊ထွက်ရှိလာသည့် ပြောင်းဖူးများကို ညောင်ဦး-မြင်းခြံ ကားလမ်မကြီး ဘေးတဘက်တချက်တွင် ယာယီတဲများထိုးကာ ရောင်းချကြကြောင်း၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများမှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူကြကာ ခြောက်ဘီးမော်တော်ယာဉ်ဖြင့် သယ်ယူကြကြောင်း ပြောင်းဖူးတစ်ခါဝယ်ယူလျှင် ပြောင်းဖူးသုံးသောင်းမှ ငါးသောင်းထိ ဝယ်ယူကြကြောင်း သိရသည်။ ပြောင်းဖူးဆယ်ဖူးဈေး ခုနှစ်ထောင်ကျပ်မှ ရှစ်ထောင်ကျပ်ထိ ရောင်းချနေရကာ ပြောင်းဖူးစိုက်ပျိုးသည့်တောင်သူများ ရှုံးတာတခါမှမကြုံဘူးသေးကြောင်း၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းကြောင့် ပြောင်းဖူးအရည်အသွေးအကောင်းဆုံး ဖြစ်နေကာ ဈေးနှုန်းမှာလည်း အကောင်းဆုံးရောင်းချရသည့်ကုန်ပစ္စည်းဖြစ်နေကြောင်း ပြောင်းဖူးစိုက်ပျိုး တောင်သူများကရှင်းပြသည်။ စိုက်ပျိုးသည့် ပြောင်းဖူးများကတော့ အစီးပြောင်း၊  သကြားပြောင်းနှင့်ကြက်တမော့ပြောင်းတို့ စိုက်ပျိုးကြပြီး မိုးရာသီစိုက်ပျိုး သည့်ပြောင်းသာသုံးလခန့်မှပေါ်ကြပြီး၊ ဆောင်းရာသီနှင့်နွေရာသီအချိန်နှစ်လခန့်ဖြင့်ပေါ်ကြောင်း ဦးဝင်းတင့်က ရှင်းပြ၍သိရကာ ထွက်ရှိလာသည့် ပြောင်းဖူးများအား ပခုက္ကူ၊ ညောင်ဦး၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်းမြို့များမှ ပြောင်းဖူးပွဲစားများ လာရောက် ဝယ်ယူခြင်း၊ မန္တလေး၊ ရန်ကုန်တို့မှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူကြကြောင်း သိရသည်။

ဒီပါလင်း