ညောင်တုန်း မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာ ရုံးအဆောက်အအုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ရည်ရွယ်ချက်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများနှင့် မီးသတ်ဆေးဘူး သုံးစွဲနည်းများကို ရှင်းလင်းပြောကြား၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဝန်ထမ်းများနှင့်အတူ မီးသတ်ဆေးဘူး အသုံးပြုခြင်း၊ မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)