ဒေးဒရဲမြို့၌(၈၁)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒေးဒရဲ မတ် ၂၆

၂၀၂၆ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ရောက်ရှိမည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ​​ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အား ယနေ့နံနက်(၁၁)နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌   အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဋ္ဌာန်စိတ်ထားဖြင့် ထာဝစဥ်ရှင်သန်ရပ်တည်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ စွမ်းရည်သုံးရပ်၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၂၇-၃-၂၀၂၅) ရက်နေ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ဇော်မင်းမင်းဦး ရေးသားသော “အားသစ်စေကြောင်း ပြည့်သားကောင်း ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်စသည့် အကြောင်းအရာများပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများအား ဖတ်ရှု​လေ့လာနိုင်စေရန်(အခမဲ့) ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

အေဇာလင်း