ကျောက်ပန်းတောင်း မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ပေးလျက်ရှိသည့် အခြေခံအင်္ဂလိပ်စကားပြောနှင့် ကိုရီးယားစကားပြောသင်တန်းများကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ လွတ်လပ်ပျော်ရွှင်စွာ လေ့လာသင်ယူလျက်ရှိကြသည်။
အဆိုပါ သင်တန်းတွင် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ဆရာမ ဒေါ်ချိုသာနှင့် အခြေခံကိုရီးယားစကားပြောသင်တန်းကို ဆရာ ဦးအောင်ပိုင်တို့က သင်ကြားပေးခြင်းဖြစ်ပြီး၊ နံနက် ၉ နာရီမှ ၁၀ နာရီခွဲ အထိ အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်ပေးပြီး၊ နံနက် ၁၀ နာရီ ၄၅ မိနစ်မှ ၁၂ နာရီအထိ ကိုရီးယား စကားပြော အခြေခံသင်ရိုးများကို မူလတန်းဆင့်ကလေးငယ် ၂၀ ဦးတို့အား သင်ကြား ပေးခြင်းဖြစ်သည်။ ထိုသို့ သင်ကြားပေးရာတွင် အခြေခံအင်္ဂလိပ်စကားပြော သင်ကြားမှုကို ဆရာမ ဒေါ်ချိုသာက အင်္ဂလိပ်စာ အမည်တပ် တရိစ္ဆာန် အရုပ်ကပ်များကို အစုအဖွဲ့လိုက် ရွေးချယ်စေခြင်းနှင့် မိမိ မိသားစုဝင်များ၏ အမည်များကို အင်္ဂလိပ်လို တစ်ဦးချင်း မိတ်ဆက်ပြောကြားစေခြင်း၊ အင်္ဂလိပ်ကဗျာနှင့် သီချင်းများ အစုအဖွဲ့လိုက် ရွတ်ဖတ်စေခြင်းများဖြင့် သင်ကြားပေးလျက်ရှိရာ သင်တန်းတက်ရောက်နေသည့် ကလေးများ စိတ်ပါဝင်စား ပျော်ရွှင်စွာဖြင့် သင်တန်းတက်ရောက်လျက်ရှိကြကြောင်းနှင့် အဆိုပါ သင်တန်းများကို မတ်လ ၃၁ ရက်နေ့ထိ ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)