မန္တလေး မတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွှဲ ၂ နာရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “လူငယ်နဲ့ အခွင့်အလမ်း”ဖြင့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာ ဦးမြင့်မောင်မောင်က စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “လူငယ်နဲ့ အခွင့်အလမ်း” စာအုပ်မှ အကြောင်းအရာများ အနက် “လူ့တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “အောင်မြင်မှုရယူခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ဘဝထဲက သင်ခန်းစာ”ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးပြောကြားခဲ့ရာ စာဖတ်ဝိုင်းတက်ရောက်လာသူ Book Club အဖွဲ့ဝင်များကလည်း အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)