မိတ္ထီလာမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြု စုပေါင်းသွေးလှူဒါန်း

မိတ္ထီလာ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိတ္ထီလာခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံသွေးလှူဒါန်းမှု လက်ခံရာဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် မိတ္ထီလာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့် ဝန်ထမ်းများထံသို့ အားဖြည့်အစာအာဟာရပစ္စည်းများကိုပေးအပ်သည်။ ထိုနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ဦးထံသို့ စုပေါင်းသွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို  ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိက ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ